Ichiran Tonkotsu Ramen


မင်္ဂလာပါ ကျွန်တော် က Feel Fukuoka Japan မှ `ဆမ်´(Sam)ဖြစ်ပါတယ် ဒီနေ့ တင်ဆက်မှာကတော့ 
“Hakata Ramen” `ဟကတ ရာမန်´ (ခေါက်ဆွဲ)ပါ.. အခုရောက်နေတာ “ICHIRAN” (အိချိရန်) လို့ ခေါ်တဲ့ ၂၄နာရီဖွင့်တဲ့ခေါက်ဆွဲဆိုင်ပါ ကြည့်ကြည့်ရအောင်…. ဒီဆိုင်ရဲ့အဓိကကောင်းတာက”とんこつラーメン” (တုန်ကိုစု ရာမန်)ပါ… ဟင်းရည်က ၀က်ရိုးနဲ့ချက်ထားတဲ့ခေါက်ဆွဲ ပါ အရင်ဆုံး အော်ဒါ မှာတဲ့စက်ကနေ မှာယူရပါမယ် အင်္ဂလိပ်၊တရုတ်၊ကိုရီးယားလိုလည်းရေးထားပါတယ် ဒီဆိုင်ရဲ့ စတိုင်ကစားပွဲအကန့်လေးတွေ ကန့်ထားလို့ ကိုယ့်ဘာသာကို
လွတ်လပ်စွာစားသောက်နိုင်တဲ့ ဆိုင်ပါ ဒါက`အိချိရန်´ ဆိုင်ရဲ့ မူလစတိုင်ဖြစ်တဲ့ `အာဂျီ ရှူချူး -ကောင်တာ´ (味集中カウンター) ဖြစ်ပါတယ် ပြီးရင်ကိုယ်စားချင်တဲ့ အရသာကို အော်ဒါစာရွက်မှာရွေးပေးရပါမယ် ဂျပန်လိုအပြင် အင်္ဂလိပ်၊တရုတ်၊ကိုရီးယားလိုလည်းရေးထားတယ်နော်…. နောက်ဆုံးမှာတော့  ခေါက်ဆွဲအမာ/အပျော့ ရွေးရပါမယ် အမာဆုံး(超かた) မှ အပျော့ဆုံး(超やわ)အထိရှိပါတယ် ဒါက `ဟကတ ရာမန်´ ရဲ့ ထူးခြားချက်ဖြစ်ပါတယ် အော်ဒါဖောင်ဖြည့်ပြီးရင် စောစောက၀ယ်ထားတဲ့လက်မှတ်နဲ့အတူ အပ်လိုက်ပါ “替玉” `ခအဲဒမ´ လည်းမှာပါက ပန်းကန်အသေးလေးတခုပါ ပေးပါလိမ့်မယ် 替玉 `ခအဲဒမ´ဆိုတာကတော့  အပိုလိုက်ပွဲဖြစ်ပါတယ် ဂျပန်စားသောက်ဆိုင်အများစုက သောက်ရေအတွက်ရှင်းစရာမလိုပါ ဒီဆိုင်မှာလည်းအလားတူပါပဲ…ပြီးတော့အကုန် self-serviceပါ ကဲ..အခုတော့ မှာထားတာကို စောင့်ရုံပါပဲ ခေါက်ဆွဲရပါပြီရှင်….. ကျေးဇူးတင်ပါတယ် အေးဆေး လွတ်လပ်စွာသုံးဆောင်ပါရှင်.. ကျေးဇူးတင်ပါတယ် အိုးး….လိုက်ကာလေးတောင်ချပေးသေးတယ် ဒါကြောင့်လည်း `အာဂျီ ရှူးချူးကောင်တာ´လို့ခေါ်တာ
(ရာမန်ခေါက်ဆွဲအရသာတစ်ခုကိုပဲအာရုံစိုက်စားသုံးခြင်း) ဒါက `အိချိရန်´ရဲ့ ၀က်ရိုးခေါက်ဆွဲ(とんこつラーメン)ပါ `၀က်ရိုးနဲ့ချက်ထားတဲ့ဟင်းရည်ခေါက်ဆွဲ´ တော် တော်စားကောင်းမယ့်ပုံပဲ… ဒီလို စတိုင်မျိုးနဲ့ စားရတာဒါ ပထမဆုံးပဲ အရသာရှိလိုက်တာ… ဟင်းရည်အနံ့ လေးကလည်း မွှေးလို့  ဟင်းရည်ထဲမှာလည်း ၀က်ရိုးနဲ့ချက်ထားတော့  အဆီတွေတက်နေတာလည်းတွေ့ရတယ် ဒါက `ဟကတ ရာမန်´ ရဲ့  စတိုင်ပေါ့ ရှယ်ပဲ….. ခေါက်ဆွဲအမာသားနဲ့မှာစားရင် စားရတာလွယ်ကူတယ် မျက်နှာတို့ အကျင်္ီ တို့ ကို ဟင်းရည်တွေမစင်တော့ ဘူးပေါ့ ဒါက နိုင်ငံခြားသားဧည့်သည်တွေအတွက်ကောင်းတာပေါ့ ခေါက်ဆွဲအမာ စတိုင်ပေါ့ဗျာ… အပိုလိုက်ပွဲမှာထားရင် ဟင်းရည်ကိုနည်းနည်းချန်ထားဦးနော်… လိုက်ပွဲပန်းကန်လေးကို ခလုတ်ပေါ်မှာဒီလိုတင်လိုက်ရင်ခေါက်ဆွဲလိုက်ပွဲလာချပေးတယ် အဲဒီ အသံက `ဟကတ ရာမန်´ရဲ့ သံစဉ်လေး ခေါက်ဆွဲလိုက်ပွဲအတွက် ခဏစောင့်ပေးပါရှင် ခွင့်ပြုပါဦး…. လိုက်ပွဲရပါပြီရှင်…… ကျေးဇူးတင်ပါတယ် `ခအဲဒမ´ လိုက်ပွဲပေါ့ အင်္ဂလိပ်လိုဆို “Extra-serving”ပေါ့နော် တစ်ဝက်စာပဲမှာလည်းရပါတယ် ဟင်းရည်ထဲမှာ သေချာမွှေပြီးတာနဲ့ စားလို့ရပါပြီ စားလို့ကောင်းလိုက်တာ `ခအဲဒမ´ဆိုတာ `ဟကတ ရာမန်´ရဲ့စတိုင်ပါ `တုန်ကိုစု ရာမန်´ခေါက်ဆွဲက တကယ်ကိုအရသာရှိတယ် စားလို့ကောင်းလိုက်တာ လိုက်ပွဲမှာစားမယ်ဆိုရင်ဗိုက်တင်းအောင်တော့ စားမထားနဲ့ဦးနော် အခုလောက်ဆို `အိချိရန်´မှာဘယ်လိုအော်ဒါမှာရလဲ၊
ဘယ်လိုစားရမလဲသိလောက်ပါပြီနော် ခေါက်ဆွဲမှာရတာလည်းလွယ်ကူပါတယ် အောက်ထပ်(ပထမ)ထပ်မှာလည်း `ယတိုင်း´စတိုင်နဲ့စားချင်လည်းရပါတယ် ဂျပန်လိုမပြောတတ်လည်းရပါတယ် အင်္ဂလိပ်၊တရုတ်၊ကိုရီယားလိုေ့ပြာတတ်တဲ့ ဆိုင်ဝန်ထမ်းတွေရှိပါတယ် ဖူကူအိုကာ ကိုလာရင် `အိချိရန်´ရာမန် ခေါက်ဆွဲကို စားကြည့်ပါနော် ရှယ်ကောင်းတာနော်.. “中洲川端駅” (နကစု က၀ဘတ) မြေအောက်ဘူတာရဲ့
ထွက်ပေါက်ဂိတ် ၂ မှထွက်၍ ၁မိနစ်လောက်လမ်းလျှောက်ရင်ဆိုင်ကိုရောက်ပါပြီ `အိချိရန် ဟွန်းရှဆိုဟွန်းတန်း´ ဆိုင်ဟာ၂၄နာရီဖွင့်ပြီးပိတ်ရက်မရှိပါ ဖူကူအိုကာကိုရောက်ရင် စားဖြစ်အောင်စားကြည့်ပါ

Leave a Reply

Your email address will not be published. Required fields are marked *